“သေးငယ်သော” အံ့ဩဖွယ်နမိတ်လက္ခဏာများ

ကျွန်မတို့၏ မင်္ဂလာဆောင်လက်ဆောင်ပေးပွဲတွင် ရှက်ကြောက်တတ်သောသူငယ်ချင်း ဒေ့ဗ် က ထောင့်တစ်နေရာတွင် ထိုင်နေပြီး၊ စက္ကူဖြင့်ပတ်ထားသည့် ရှည်မျောမျော ပစ္စည်းတစ်ခုကို ကိုင်ထားသည်။ သူ့အလှည့်ရောက်သောအခါ သူယူလာသည့်လက်ဆောင်ကို ကျွန်မတို့ဖြည်လိုက်သောအခါ စက်ဝိုင်းပုံအရစ်များပါသည့် ရှည်မျောမျောသစ်သားပြားဖြစ်ပြီး၊ ၎င်းတွင် “ဘုရားသခင်၏အချို့သော အံ့ဩဖွယ်ရာများသည် သေးငယ်သည်” ဟူသော စာတန်းလေးပါရှိသည်။ ကျွန်မတို့အိမ်တွင် ထိုသစ်သားပြားကို ချိတ်ထားသည်မှာ ၄၅ နှစ် ရှိခဲ့ပြီဖြစ်ပြီး၊ သေးငယ်သောကိစ္စရပ်များတွင်ပင် ဘုရားသခင်သည် အလုပ်လုပ်နေကြောင်းကို ကျွန်မတို့အား ထပ်ခါထပ်ခါ အမှတ်ရစေပါသည်။ အခွန်အခပေးဆောင်စရာများပေးခြင်း၊ ထမင်းတစ်နပ်ကျွေးမွေးခြင်း၊ အအေးမိသည်ကို ပျောက်ကင်းစေခြင်း စသည်တို့ကို စုပေါင်းလိုက်လျှင် ဘုရားသခင်၏ ကောင်းချီးမှတ်တမ်းသည် အထင်ကြီးစရာ‌ပေ။

ယေရှုရှလင်မြို့နှင့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ယုဒပြည်ကို အုပ်ချုပ်သူ ဇေရုဗဗေလသည်လည်း အလားတူသတင်းစကားမျိုးကို ပရောဖက် ဇာခရိမှတဆင့် ဘုရားသခင်ထံမှ ရရှိခဲ့သည်။ ဣသရေလလူမျိုးများသည် ဗာဗုလုန်တွင် ကျွန်ခံပြီးနောက်ပြန်လွတ်လာသောအခါ သူတို့တွင် သာယာဝပြောမှု မရှိ၍…

ကြိုဆိုရေးခြေသုတ်ဖုံ

ရပ်ကွက်လက်လီကုန်စုံစတိုးဆိုင်ကြီးတွင် ပြသထားသည့်ခြေသုတ်ဖုံများကို လိုက်ကြည့်ရင်း၊ ၎င်းမျက်နှာပြင်များပေါ်၌ ရိုက်နှိပ်ထားသည့် စာများကို ကျွန်မသတိထားမိသည်။ “မင်္ဂလာပါ”(Hello)၊ “အိမ်” (Home) စာလုံးများရှိ “အို”အက္ခရာကို အသဲပုံဖြင့် ဖော်ပြထားသည်။ ထုံးစံအတိုင်း “ကြိုဆိုပါ၏” (welcome) ခြေသုတ်ဖုန်ကို ကျွန်မ ရွေးခဲ့သည်။ ‌ခြေသုတ်ဖုန်ကို နေရာတကျထားပြီးနောက် ကျွန်မ၏ စိတ်နှလုံးကို စစ်ဆေးလိုက်သည်။ ကျွန်မ၏အိမ်သည် ဘုရားသခင်အလိုရှိသောပုံစံအတိုင်း အမှန်ပင် လက်ခံကြိုဆိုပါသလား။ ကျောင်းအစီအစဉ်အတွက် ချော့ကလက် လိုက်ရောင်းသောကလေး၊ အကူအညီလိုနေသော အိမ်နီးချင်း၊ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာသော အခြားမြို့ရှိ မိသားစုဝင်တစ်ဦး၊ ထိုသူတို့ကို ကျွန်မကြိုဆိုပါသလား။

မာကု ၉ တွင်၊ သခင်၏ပုံပန်းသဏ္ဌာန်ပြောင်းလဲသွားသောတောင်ပေါ်တွင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် သန့်ရှင်းသောမျက်မှောက်တော်၌ မှင်သက်ထိတ်လန့်ခဲ့ကြသည်(:၁-၁၃)။ ယေရှုသည် မျှော်လင့်ချက်ပျောက်ဆုံးနေသောဖခင်တစ်ဦး၏ နတ်ဆိုးစွဲသောသားကို ကုသရန် (:၁၄-၂၉) ထိုတောင်မှနေ၍ ကြွသွားလေသည်။ ထို့နောက် ယေရှုသည် သူအသေသတ်ခြင်း…

အလိုတော်အတိုင်း အစေခံခြင်း

Andrew Card (အန်ဒရူး ကဒ်)သည် အမေရိကန်သမ္မတ George W. Bush (ဂျော့ ဒဗလျူ ဘုရှ်)၏ ဝန်ထမ်းအကြီးအကဲဖြစ်ခဲ့သည်။ အိမ်ဖြူတော်တွင် အင်တာဗျူးတစ်ခု၌ သူ၏အခန်းကဏ္ဍအကြောင်း သူက “ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးစီ၏ရုံးခန်းမှာ ‘ကျွန်တော်တို့သည် သမ္မတ၏စိတ်သဘောအလိုအတိုင်း တာဝန်ထမ်းဆောင်ကြသည်’ ဆိုတဲ့ တာဝန်ထမ်းဆောင်ခြင်း ရည်ရွယ်ချက်ကို ဘောင်ခတ်ချိတ်ဆွဲထားပြီး၊ ထိုထုတ်ပြန်ချက်က သမ္မတ သဘောကျကျေနပ်မှုအတိုင်း (သို့) သူနှစ်သက်ရာကို ဆောင်ရွက်ပေးခြင်းကို မဆိုလိုဘဲ၊ သူ့တာဝန်ကျေပြွန်နိုင်ရေး သူသိထားသင့်တဲ့အရာကို ပြောပြဖို့ ကျွန်တော်တို့ အစေခံပေးနေခြင်းဖြစ်တယ်” ဟု ရှင်းပြခဲ့သည်။ သမ္မတ၏ တာဝန်မှာ အမေရိကန်ပြည်ထောင်စုကို အုပ်ချုပ်ရန်ဖြစ်သည်။

ကျွန်ုပ်တို့၏အခန်းကဏ္ဍများနှင့် ဆက်ဆံရေးများစွာတွင် တမန်တော်ရှင်ပေါလု မကြာခဏ တိုက်တွန်းသည့်အတိုင်း အချင်းချင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းအစား လူတို့ကို ကျေနပ်ပျော်ရွှင်စေလိုခြင်းပုံစံသို့ ကျွန်ုပ်တို့ ပြောင်းသွားတတ်ကြသည်။ ဧဖက်သြဝါဒစာ ၄ တွင် ရှင်ပေါလုက “ထိုသခင်(ခရစ်တော်)သည် လူအချို့တို့ကို တမန်တော်အရာ…

ရွံရှာဖွယ်ရာမှ သန့်ရှင်းခြင်းသို့

နေ့လယ်စာစားချိန်၌ ကလေးတစ်ဦးအနေဖြင့် ကျွန်မသမီးလေးသည် ဆွစ်ဒိန်ခဲဖြင့် ကစားရသည်ကိုနှစ်သက်၏။ မျက်နှာဖုံးအလား သူမ၏မျက်နှာပေါ် အဝါရောင် ဖျော့ဖျော့ စတုရန်းပုံဒိန်ခဲပြားကို ကပ်ပြီး၊ သူမ၏တောက်ပနေသောမျက်လုံးစိမ်း များဖြင့် ဒိန်ခဲ၌ရှိသော အပေါက်နှစ်ခုမှ ချောင်းကြည့်၍ “မေမေ ကြည့်ပါဦး”ဟု ပြောသည်။ ငယ်ရွယ်သောမိခင်တစ်ဦးအနေဖြင့်၊ ကျွန်မ၏ အားထုတ်မှုများနှင့်ပတ်သက်သော ကျွန်မ၏ခံစားချက်များကို ထိုဆွစ်ဒိန်ခဲမျက်နှာဖုံးက ပေါင်းစုဖော်ပြနေခဲ့သည်။ မေတ္တာတရားအပြည့် စိတ်ရင်းမှန်ဖြင့် ပေးကမ်းခဲ့သော်လည်း အတော်လေး မပြည့်မစုံဖြစ်ခဲ့သည်။ သန့်ရှင်းခြင်းမရှိဘဲ ရွံရှာဖွယ်ဖြစ်ခဲ့သည်။

ဘုရားသခင်အတွက် သီးသန့်ဖယ်ထားသောအသက်တာ၊ သခင်ယေရှုနှင့် တူသော သွင်ပြင်လက္ခဏာရှိသော သန့်ရှင်းသောအသက်တာဖြင့် ကျွန်မတို့ အသက်ရှင်လို လှပါဘိ။ သို့သော် တစ်နေ့ပြီးတစ်နေ့ သန့်ရှင်းခြင်းကို လက်လှမ်းမမီနိုင်ဘဲ၊   ၎င်းအစား ကျွန်မတို့၏ “ရွံရှာဖွယ်ရာအဖြစ်”၌သာ ရှိနေပါသည်။

၂ တိ ၁:၆-၇ ၌ ပေါလုသည် သူ၏သားတပည့် တိမောသေထံသို့ စာရေး၍၊ ကိုယ်တော်၏သန့်ရှင်းသော ခေါ်တော်မူခြင်းနှင့်အညီ နေထိုင်ရန် တိုက်တွန်းခဲ့သည်။…

မိသားစုသည် အရေးကြီးသည်

ကျွန်မ၏ညီမ၊ အစ်ကိုနှင့် ကျွန်မတို့သည် သီးခြားပြည်နယ်မှ ကျွန်မတို့ဦးလေး၏ ဈာပနသို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး၊ အသက်ကိုးဆယ်အရွယ်ရှိ အဘွားကို ဝင်တွေ့ခဲ့သည်။ သူမသည် လေဖြတ်ထားသဖြင့် စကားမပြောနိုင်ဘဲ သူမ၏ ညာဘက်လက်ကိုသာ အသုံးပြုနိုင်သည်။ ကျွန်မတို့ သူမ၏ကုတင်ပတ်လည်၌ ရပ်နေချိန်တွင် သူမသည် ထိုညာဘက်လက်ဖြင့် ကျွန်မတို့ တစ်ယောက်ချင်းစီ၏ လက်တစ်ဘက်ကို ဆွဲယူ၍ သူမ၏အသည်းနှလုံးနေရာပေါ်တွင် ကျွန်မတို့၏လက်ဖဝါးများကို တစ်ခုပေါ်တစ်ခုထပ်ကာ ထားရှိစေပြီး ပွတ်သပ်ပေးနေခဲ့သည်။ ဤစကားလုံးမဲ့သော ကိုယ်ဟန်အမူအရာအားဖြင့် ကျွန်မတို့၏အဘွားသည် ဝေးကွာပြီး အဆက်အသွယ်ပြတ်နေသော ကျွန်မတို့မောင်နှမဆက်ဆံရေးနှင့် စပ်လျဥ်းပြီး “မိသားစုသည် အရေးကြီးသည်”ကို ပြောနေသည်။  

ဘုရားသခင်၏မိသားစုတည်းဟူ‌သော အသင်းတော်၌ ကျွန်မတို့လည်း ကင်းကွာနိုင်ပါသည်။ နာကြည်းမှုသည် ကျွန်မတို့ကို တစ်ဦးနှင့်တစ်ဦး သီးခြားကင်းကွာမှုဖြစ်စေလိမ့်မည်။ ဟေဗြဲဩဝါဒစာရေးသားသူက ဧသောကို သူ၏ညီနှင့် ကင်းကွာစေသော ခါးသီးမှုကို ကိုးကားပြီး (ဟေဗြဲ ၁၂:၁၆)၊ ဘုရားသခင်၏ မိသားစုတွင် ညီအစ်ကိုမောင်နှမအချင်းချင်း…

အခြားသူကိုချစ်ခြင်းဖြင့် ဘုရားသခင်အား ချစ်ခြင်း

Alba (အယ်လ်ဘာ) မိသားစုတွင် ဖြစ်တောင့်ဖြစ်ခဲ ရုပ်တူအမွှာကလေး နှစ်တွဲကို (၁၃) လခြားကာ မွေးဖွားခဲ့သည်။ သူတို့၏မိဘဝတ္တရားများနှင့် အလုပ်အကိုင်ကြား အဆင်ပြေအောင် မိတ်ဆွေများနှင့် မိသားစုဝင်များက ဝင်ရောက်မစကူညီပေးခဲ့ကြသည်။ မိဘဖြစ်သူတို့အလုပ်လုပ်ပြီး ကျန်းမာရေးအာမခံအတွက် ပေးဆောင်နိုင်ရန် နှစ်ဘက်အဘိုးအဘွားများက နေ့ဘက်တွင် အမွှာကလေး တစ်တွဲစီကို စောင့်ရှောက်ပေးခဲ့သည်။ ကုမ္ပဏီတစ်ခုက တစ်နှစ်စာ ကလေးအနှီးပိတ်စများကို ပေးခဲ့သည်။ ထိုဇနီးမောင်နှံ၏ လုပ်ဖော်ကိုင်ဖက်များက သူတို့၏ဖျားနာခွင့်ရက်များကို သူတို့အား ပေးလှူခဲ့သည်။ “လူမှုအသိုင်းအဝိုင်းရဲ့ ကူညီမှုမရှိဘဲနဲ့ ကျွန်ုပ်တို့အဆင်ပြေမှာ မဟုတ်ဘူး”ဟု သူတို့‌ ထောက်ခံပြောပြသည်။ ထိုမိဘများအား တွေ့ဆုံမေးမြန်းမှုအား တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တွင် တွဲဘက်အစီအစဉ်တင်ဆက်သူက သူမ၏ မိုက်ခရိုဖုန်းကို ဖယ်ကာ တောက်တောက်ပြေးအရွယ် ကလေးတစ်ဦးနောက်သို့ ပြေးလိုက်သွားခြင်းဖြင့် လူမှုအသိုင်းအဝိုင်း၏ ကူညီမစမှုကို ဆက်လက်ပြသခဲ့သည်။

အခြားသူတို့ကို အစေခံခြင်းသည် ဘုရားသခင်အား အစေခံခြင်းဖြစ်ကြောင်း ရှင်မဿဲခရစ်ဝင် ၂၅:၃၁-၄၆ တွင် သခင်ယေရှုက…

လမ်းဆုံလမ်းခွ၌ရှိသော ဘုရားသခင်

ရက်အတန်ကြာဖျားနာပြီးနောက် ကိုယ်ပူချိန်တစ်ရှိန်ထိုးမြင့်တက်လာသဖြင့် ကျွန်မ၏ ခင်ပွန်းသည် အရေးပေါ်ကုသပြုစုမှုခံရန် လိုအပ်လာသည်။ ဆေးရုံကလည်း သူ့ကို ချက်ချင်းဆေးရုံတက်ခွင့်ပြုလိုက်သည်။ နောက်တစ်နေ့တွင် တိုးတက်မှုရှိလာသော်လည်း ဆေးရုံမှဆင်းနိုင်သည့်အခြေအနေတော့ မရှိသေးပါ။ ခင်ပွန်းနှင့်အတူ ရှိနေပေးရမည်လား (သို့) လူများစွာနှင့် လုပ်ဆောင်ရမည့် စီမံချက်များစွာပါဝင်သည့် အရေးကြီးအလုပ်နှင့် ခရီးထွက်ရမည်လားဟု ရွေးချယ်ရန် ကျွန်မအခက်တွေ့ခဲ့ရပါသည်။ ကျွန်မ၏ခင်ပွန်းကတော့ သူနေကောင်းသွားမှာပါဟု အခိုင်အမာပြောပြီး အလုပ်ကို သွားလုပ်ရန်သာပြောသော်လည်း သူနှင့်အလုပ်ကြားတွင် ကျွန်မဗျာများစိတ်ပူပန်ခဲ့ရပါသည်။

ဘုရားလူများသည်လည်း ဘဝအတွက်ဆုံးဖြတ်ချက်ချရမည့် လမ်းဆုံလမ်းခွတွင် ကိုယ်တော်၏အကူအညီလိုအပ်ပါသည်။ သို့သော် ဘုရားသခင် ဖော်ပြညွန်ကြားချက်များကို လူတို့စိတ်မစွဲ၊ မလိုက်နာခြင်းက ဆိုးလှသည်။ ထို့ကြောင့် သခင်၏ပညတ်တော်များကို လိုက်နာခြင်းအားဖြင့် “အသက်”ကို ရွေးချယ်ရန် မောရှေက လူတို့အား မေတ္တာရပ်ခံခဲ့သည် (တရား ၃၀:၁၉)။ နောက်ပိုင်းတွင် ထိန်းကြောင်းရန်ခက်ခဲသော ဘုရားသခင်၏လူတို့အား ကိုယ်တော်၏လမ်း၌ လျှောက်လှမ်း လိုက်နာရန် ပရောဖက် ယေရမိက တိုက်တွန်းသွေးဆောင်ခဲ့သည်။ “လမ်းနားမှာ…

အသင်းတော်ဖြစ်စေပါ

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၊ ဒေ့ဗ့် (Dave) နှင့် ခါလာ (Carla) တို့သည် အသင်းတော်အိမ်တစ်ခုကို လပေါင်းများစွာ ရှာဖွေခဲ့ကြသည်။ လူချင်းတွေ့ဆုံမှုကို ကန့်သတ်ထားသည့် ကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရသည့်အတွက် ပို၍ပင်ခက်ခဲပါသည်။ ယုံကြည်သူများနှင့် လူချင်းတွေ့ပြီး မိတ်သဟာယဖွဲ့နိုင်ရန် သူတို့တောင့်တခဲ့သည်။ “ဘုရားကျောင်းတစ်ခုကိုရှာရတာ ခက်ခဲတယ်”ဟု ခါလာ က ကျွန်မထံ အီးမေးလ် ပို့သည်။ ကျွန်မအတွင်း၌လည်း အသင်းတော်မိသားစုနှင့် ပြန်လည်ဆုံစည်း မိတ်သဟာယဖွဲ့လိုသောဆန္ဒ ထွက်ပေါ်လာပါသည်။ ကျွန်မလည်း “အသင်းတော်ဖြစ်ဖို့ ခက်ခဲတယ်လေ”ဟု ပြန်ဖြေခဲ့သည်။ ထိုအချိန်တွင်၊ ကျွန်မတို့၏အသင်းတော်သည် အနီးနားပတ်ဝန်းကျင်များတွင် အစားအသောက်များဝေငှခြင်း၊ အွန်လိုင်းဝတ်ပြုကိုးကွယ်ခြင်းများပြုလုပ်ပေးခြင်း၊ အသင်းသားတိုင်းကို ဖုန်းဆက်ပြီး နှုတ်ဖြင့် စောင်မလျက် ဆုတောင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ကျွန်မခင်ပွန်းနှင့်ကျွန်မတို့လည်း ပါဝင်ခဲ့ပြီး ကျွန်ုပ်တို့၏ပြောင်းလဲနေသောကမ္ဘာကြီးတွင် “အသင်းတော် ဖြစ်ဖို့” တခြားဘာတွေလုပ်နိုင်မလဲဟု စဥ်းစားတွေးမိခဲ့သည်။
ဟေဗြဲသြဝါဒစာ ၁၀:၂၅ တွင် ကျမ်းရေးသူက “လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို…

ဘုရားသခင်၌ ခွန်အားစုဆောင်းခြင်း

Grainger McKoy (ဂရိန်းဂျာမက်ခွိုင်)သည် ငှက်များ၏တင့်တယ်မှု၊ အားနည်းချက် နှင့် စွမ်းအားများကို လေ့လာပြီး ငှက်ရုပ်များကို ထုဆစ်သော အနုပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏လက်ရာများမှတစ်ခုကို ‘Recovery’ (ပြန်လည်ကောင်းမွန်လာခြင်း) ဟု အမည်ပေးထားပြီး၊ အမြီးချွန်သောဘဲတစ်ကောင်၏ ညာဘက်တောင်ပံကို ဒေါင်လိုက်အနေအထားဖြင့် မြင့်မားစွာ ဆန့်ထားပုံကို ပြသထားသည်။ အောက်ဘက်ရှိ ကဗျည်းပြားပေါ်တွင် “၎င်းသည် ပျံသန်းမှု၌ ငှက်၏အကြီးမားဆုံး အားနည်းချက်အခိုက်အတန့် ဖြစ်သော်လည်း ရှေ့ဆက်ခရီးအတွက် ခွန်အားစုစည်းသောအချိန်လည်း ဖြစ်သည်”ဟု ရေးသားထားသည်။ ဂရိန်းဂျာက “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်” (၂ ကော ၁၂:၉) ဟူသည့် ကျမ်းပိုဒ်ကိုလည်း ထည့်သွင်းထားသည်။

အထက်ပါစကားများကို တမန်တော်ရှင်ပေါလုက ကောရိန္သုအသင်းတော်သို့ရေးသားခဲ့သည်။ ကိုယ်ရေးကိုယ်တာ ရုန်းကန်မှုဖြင့် ထိခိုက်ခံစားရသောအချိန်ကို ကြံ့ကြံ့ခံကာ ပေါလုက “ငါ့ကိုယ်၌ဆူးသောစူး” (:၇)ဟု ဖော်ပြလျက် ထိုဆူးကို ဖယ်ရှားပေးရန် ဘုရားသခင်အား တောင်းလျှောက်ခဲ့သည်။…

အနားယူခွင့်

ကျွန်မနှင့်ကျွန်မသူငယ်ချင်း Soozi (စူဇီ)တို့ ပင်လယ်ကျောက်ဆောင်ကြီးပေါ်ထိုင်ကာ ပင်လယ်လှိုင်းတွန့်များကို ကြည့်ခဲ့ကြသည်။ မုခ်ခုံးအသွင် ပင်လယ်လှိုင်းတွန့်များ တစ်ခုပြီးတစ်ခု ကျောက်ဆောင်နံရံသို့ လာရောက်ရိုက်ခတ်သည်ကို ကြည့်ရင်း စူဇီက “ငါပင်လယ်ကြီးကို ချစ်တယ်။ သူကအမြဲလှုပ်နေတော့ ငါရွေ့စရာမလိုဘူး” ဟု ပြောခဲ့သည်။

ကျွန်ုပ်တို့ထဲမှ အချို့က အလုပ်မှခေတ္တအနားယူရန် “ခွင့်ပြုချက်”လိုကြောင်း ခံစားရခြင်းက စိတ်ဝင်စားစရာ မကောင်းပေဘူးလား။ ၎င်းသည် ကျွန်ုပ်တို့၏ ကောင်းမြတ်သောဘုရားရှင် ပေးသည့်အရာပင်။ ‌ခြောက်ရက်လုံး ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖြစ်တည်စေကာ အလင်း၊ မြေကြီး၊ အပင်၊ တိရစ္ဆာန်နှင့် လူသားတို့အား ဖန်ဆင်းခဲ့သည်။ ထို့နောက် ခုနှစ်ရက်မြောက်တွင် ကိုယ်တော်အနားယူခဲ့သည် (က ၁:၃၁-၂:၂)။ သန့်ရှင်းရာဥပုသ်နေ့ကို ငြိမ်ဝပ်ရာနေ့အဖြစ် အောက်မေ့ရန် ပညတ်ချက်အပါအဝင် (ထွက် ၂၀:၈-၁၁) ဘုရားသခင်ကို ချီးမြှောက်ရိုသေလျက် ကောင်းစွာဘဝရှင်သန်ရန် ပညတ်တော် (၁၀) ပါး၌ စည်းမျဥ်း များချမှတ်ပေးခဲ့သည် (:၃-၁၇)။…